Asia to Canada

Asia to Canada We are a family of 4, living in Vancouver. Let’s dream with us ❤️🇨🇦

အပတ်စဉ် ကြာသပတေးနေ့ညနေတိုင်း အပန်းဖြေစရာနေရာလေးတစ်ခုဖြစ်တဲ့ Newwest Farmer Market 🫐🌶️🌽🍓🍇🍋🍐🍌🍋‍🟩🥝🍅🥒🍍🍎Farmer Market ရဲ့ အရသ...
09/27/2024

အပတ်စဉ် ကြာသပတေးနေ့ညနေတိုင်း အပန်းဖြေစရာနေရာလေးတစ်ခုဖြစ်တဲ့ Newwest Farmer Market 🫐🌶️🌽🍓🍇🍋🍐🍌🍋‍🟩🥝🍅🥒🍍🍎

Farmer Market ရဲ့ အရသာဖြစ်တဲ့ ခြံထွက်စစ်စစ်တွေမလို့ ဈေးမသက်သာပဲ ဈေးကြီးပါတယ် 🥹

ကျွန်မကတော့ ကလေးတွေပူဆာလို့ သူတို့စားချင်တဲ့ အသီးတွေဝယ်ခဲ့တာ $60 ကျော်လောက်ထွက်သွားတယ်ပေါ့နော်။

ပြီးတော့ ဒီလိုMarket လေးတွေက Card လက်မခံပဲ Cash ပဲလက်ခံတာဖြစ်လို့ Cash ယူသွားဖို့ကို အကြံပြုချင်ပါတယ်။

ညနေခင်းလေးမှာ တီးဝိုင်းလေးနဲ့ မျက်စိအစာကျွေးရင် အပန်းဖြဖို့အတွက်ဆို အဆင်ပြေတယ်လို့ပြောရမှာပေါ့နော်။ Vendor တွေကလည်းအများကြီးမရှိတော့ လမ်းလျောက်ရသက်သာပါတယ်။ အဲ့နေ့ကတော့ Food Truck ၂ စီးပဲတွေ့ခဲ့ပြီး အကြိုက်မတွေ့လို့မစားခဲ့ရဘူး။

ဒီနေ့ ရာသီဥတုအေးအေးနဲ့ သွားစားဖြစ်ခဲ့တဲ့ Boiling Point  အစပ် Level ရွေးလို့ရပါတယ်။ ကိုယ်ကတော့အမြဲ Flammable hot 🥵 ပဲရွေး...
09/24/2024

ဒီနေ့ ရာသီဥတုအေးအေးနဲ့ သွားစားဖြစ်ခဲ့တဲ့ Boiling Point

အစပ် Level ရွေးလို့ရပါတယ်။ ကိုယ်ကတော့အမြဲ Flammable hot 🥵 ပဲရွေးတယ် အဲ့တာတောင် ကိုယ့်အတွက်သိပ်မစပ်ချင်ဘူးရယ်။ No spicy လဲမှာလို့ရပါတယ်။ အရသာကတော့ ရန်ကုန်က Hot Pot တွေလိုမျိုးတော့ထိမိမနေဘူး။ ပေါ့တယ်ပဲပြောရမှာပေါ့ ။ Sauce တွေနဲ့စားတော့ အရသာတော့ရှိလာတယ်။

တစ်ပွဲကို $ 20 ဝန်းကျင်ပါ။ ထမင်းနဲ့ အအေးပါအပါဆိုတော့ တန်တယ်ပေါ့။ ဒီနေ့ကတော့ Extra dish တွေပါမှာစားတာရယ် Tips ပါအပေါင်း $ 60 စွန်းစွန်းရှင်းခဲ့ရပါတယ်။

​Lunch Time နဲ့ Dinner Time ဆို ရံဖန်ရံခါစောင့်ရတက်ပါတယ်။ service လည်းနည်းနည်းကြာတက်ပါတယ်။

Hello 👋  ဒီနေ့ကတော့ ကျွန်မတို့ရဲ့ ကြော်ငြာလေး အကြောင်းပြောပါရစေရှင်။ Canada နိုင်ငံ Vancouver ကိုလာတဲ့ မြန်မာတွေအတွက် ကျ...
08/18/2024

Hello 👋

ဒီနေ့ကတော့ ကျွန်မတို့ရဲ့ ကြော်ငြာလေး အကြောင်းပြောပါရစေရှင်။ Canada နိုင်ငံ Vancouver ကိုလာတဲ့ မြန်မာတွေအတွက် ကျွန်မတို့ Asia to Canada မှာ

🚘 လေဆိပ်ကြိုပို့
🏡 အိမ်ခန်းငှားပေးခြင်း
🏦 ဘဏ်အကောင့်လိုက်ဖွင့်ပေးခြင်း
🇨🇦 SIN ( Social Security Number ) လျောက်ထားပေးခြင်း
📲 ဖုန်းဆင်းကဒ်လိုက်ဝယ်ပေးခြင်း
🪪 BC ID လျောက်ထားပေးခြင်း
🪪 Driver License လျောက်ထားပေးခြင်း တို့ကို ဆောင်ရွက်ပေးမှာပါရှင်။

လေဆိပ်ကြိုပို့ ခြင်းအတွက် 7 seater SUV အကြီးနဲ့လာကြို/ လိုက်ပို့ပေးမှာဖြစ်လို့ Luggage တွေအများကြီးနဲ့လည်း ခေါင်းရှုပ်စရာမလိုတော့ဘူးနော်။ ကလေးတွေပါမယ်ဆိုကြိုပြောပေးပါရှင်။ ဒီနိုင်ငံရဲ့ ဥပဒေအရ Car Seat မပါပဲ ကလေးကို စီးခိုင်းလို့မရလို့ ကလေးပါမယ်ဆို Car Seatပါ ကျွန်မတို့ဘက်ကယူလာပေးမှာပါရှင်။

အိမ်ခန်းရှာပေးခြင်း အတွက် ကျောင်းနဲ့နီးတဲ့နေရာလား ? မိသားစုအတွက်လား? Room sharing နေချင်တာလား? မိန်းကလေးအတွက်လား? အဆင်ပြေဆုံးနဲ့ အသင့်တော်ဆုံးကို စေတနာရှေ့ထားပြီး ဝန်ဆောင်မူ့ပေးမှာမလို့ စိတ်ချယုံကြည်စွာ ဆက်သွယ်နိုင်ပါတယ်ရှင်။

ဘဏ်အကောင့်လိုက်ဖွင့်ပေးခြင်း/ SIN (Social Security Number ) / BC ID / Driver License များအတွက် အကုန်လုံးပြင်ဆင်ထားပေးမှာဖြစ်ပြီး ဖွင့်မယ့်နေ့မှ လူကိုယ်တိုင်လာရောက်ယုံပါပဲရှင်။

အသေးစိတ်သိရှိလိုပါက Messenger မှတစ်ဆင့်ဆက်သွယ်လို့ရသလို [email protected] သို့ဆက်သွယ်နိုင်ပြီး (+1) 6725580544 သို့ Viber/ What's app မှတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။


🌈 ဒီနေ့ Metropolis at Metrotown ကိုသွားတော့ ဆံပင်ညှပ်ဆိုင်က No Appointment ဆိုတာနဲ့ တစ်ခါတည်း  အမျိုးသားကို ဆံပင်ညှပ်ခို...
08/17/2024

🌈 ဒီနေ့ Metropolis at Metrotown ကိုသွားတော့ ဆံပင်ညှပ်ဆိုင်က No Appointment ဆိုတာနဲ့ တစ်ခါတည်း အမျိုးသားကို ဆံပင်ညှပ်ခိုင်းလိုက်တယ်။ ဒီမှာက ဘာလုပ်လုပ် Appointments Culture ရှိတော့ ဆံပင်ညှပ်ဖို့တောင် Appointment ယူနေရတာ ကိုယ့်အတွက်တော့ သိပ်အဆင်မပြေချင်ဘူးပေါ့နော်။ နောက်ပြီး Tips Culture ကလည်းဘာလုပ်လုပ်ပေးရတယ် ။ ခုဆံပင်ညှပ်တာလည်း Tips ပေးရပါတယ်။

See ya in next post ! Bye bye 👋

08/16/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

Canada နိုင်ငံ Vancouver မှာရှိတဲ့ နေပြည်တော်ဆိုတဲ့ မြန်မာအစားအစာတွေရောင်းတဲ့နေရာလေးကို ရောက်ခဲ့ပါတယ်။ စားချင်တဲ့ ကိုယ့်...
08/15/2024

Canada နိုင်ငံ Vancouver မှာရှိတဲ့ နေပြည်တော်ဆိုတဲ့ မြန်မာအစားအစာတွေရောင်းတဲ့နေရာလေးကို ရောက်ခဲ့ပါတယ်။ စားချင်တဲ့ ကိုယ့်ဒေသစာတွေ အစုံပဲ ရှိလို့ ရန်ကုန်ကိုတောင်ပိုသတိရမိတယ်။ ငါးပိ ငါးခြောက်ကအစ အိုးခွက်ထိ တစ်နိုင်တစ်ပိုင်ရောင်းချတဲ့ နေပြည်တော်ဆိုတဲ့ ဆိုင်က Surrey မှာ ရှိပါတယ်။ သွားချင်သူတွေအတွက် Comment မှာ Location link လေးချပေးထားပါတယ်ရှင်။

See ya in next post ! bye bye 👋

Canada မှာ ချဉ်ပေါင်ရွက်လည်းရလို့ မြန်မာထမင်းဟင်း ချက်စားရင် အဆင်ပြေပါတယ်။ သွားဝယ်ရတဲ့နေရာလေးနည်းနည်းဝေးလို့ များများဝယ်...
08/08/2024

Canada မှာ ချဉ်ပေါင်ရွက်လည်းရလို့ မြန်မာထမင်းဟင်း ချက်စားရင် အဆင်ပြေပါတယ်။ သွားဝယ်ရတဲ့နေရာလေးနည်းနည်းဝေးလို့ များများဝယ် ခြေထားပြီး ဗူးထဲထည့် အခဲခန်းထဲထည့်သိမ်းထားပါတယ်။ စားချငိတဲ့အချိန် ထုတ်ပြီးချက်စားယုံပဲမို့ အရမ်းကိုအဆင်ပြေပါတယ်။

ငရုတ်သီးလည်းနေရာတိုင်းမရလို့ ရရင်များများဝယ် ပြီး ရေဆေး အညှာခြွေပြီး လေသလပ်ထားပြီး ဗူးထဲထည့်သိမ်းရင် အကြာကြီးထားခံပါတယ် ။

ချဉ်ပေါင်တစ်စီး CAD 4.99
ငရုတ်သီးထုတ် CAD 4.99

See ya in next post! Bye bye 😘

👀 Hello 👀 ဒီနေ့မှာတော့ Cb ကနေအမေးများတဲ့ ကနေဒါကို လာဖို့အတွက် ဘယ်နည်းလမ်းက အမြန်ဆုံးလဲ ? ဆိုတဲ့ မေးခွန်းကိုဖြေပေးပါ့မယ်ရ...
08/07/2024

👀 Hello 👀 ဒီနေ့မှာတော့ Cb ကနေအမေးများတဲ့ ကနေဒါကို လာဖို့အတွက် ဘယ်နည်းလမ်းက အမြန်ဆုံးလဲ ? ဆိုတဲ့ မေးခွန်းကိုဖြေပေးပါ့မယ်ရှင် 🇨🇦

❤️ ကနေဒါကို လာဖို့အတွက် အမြန်ဆုံးနည်းလမ်းကတော့ ကျောင်းပါ။ မိသားစုနဲ့လာမယ့်သူတွေအတွက်လည်း ကျောင်းကအမြန်ဆုံးပါရှင် ။ အမျိုးသမီးက Master Program တက် ၊ အမျိုးသားက SOWP လို့ခေါ်တဲ့ Spouse Open Work Permit လိုက်လာပြီး ၁၈နှစ်အောက် ကလေးတွေက Visit Visa နဲ့ Edu Free တက်လို့ရပါတယ်။
ရိုးရိုး Post Grad သမားတွေကတော့ SOWP ခေါ်ခွင့်မရှိပါဘူး။ အဲ့ဒါကြောင့် Partner နဲ့လာမယ့်သူတွေ ၊ Family လိုက်လာမယ့်သူတွေက Master Program တက်မှသာလျှင် ကနေဒါကို လာလို့ရမှာပါ။

❓Master Program တက်ဖို့ အတွက်ကျောင်းဘယ်လိုရှာရမလဲ ?

Master Program တက်ပြီး Family ခေါ်ဖို့ အတွက်ကို DLI list ဝင်ထားတဲ့ကျောင်း ကိုတက်မှရပါမယ်။ ကနေဒါရဲ့ DLI list ကျောင်းတွေကို Google မှာရှာလို့ရပါတယ်ရှင်။

❓ကျောင်းတက်ဖို့အတွက် ဘာတွေလိုအပ်လဲ

ကျောင်းတက်ဖို့အတွက် တစ်ကျောင်းနဲ့တစ်ကျောင်း လိုအပ်ချက်မတူတော့ ကျွန်မတို့တုန်းက တင်ပေးရတာကိုပဲ ဖြေပေးထားပါတယ်ရှင်။

🇨🇦 ၂နှစ်အတွင်းဖြေထားတဲ့ IELTS Academic အမှတ်
ဘွဲ့လတ်မှတ်
🇨🇦 ကျောင်းက စည်းတံဆိပ်နဲ့ပိတ်ထားတဲ့ အမှတ်စာရင်း
(DHL နဲ့ အဲ့စာအိတ်လေးကို WES ကိုပို့ပေးရပါတယ်)
🇨🇦 WES အသိအမှတ်ပြု အမှတ်စာရင်း
🇨🇦 ကျောင်းလျောက်သူရဲ့ Resume

ကျွန်မတို့တုန်းက ဒါပဲတင်ပေးရတာပါ။ တစ်ချို့ကျောင်းတွေကတော့ SOP ပါတောင်းပါတယ်။ GMAT လိုအပ်တဲ့ကျောင်းတွေလည်းရှိပါတယ်ရှင်။ 🤷🏻‍♀️

❓IELTS မဖြေလို့မရဘူးလား🤦🏻‍♀️

ကျွန်မတို့တုန်းက မဖြေလို့မရခဲ့ပါဘူး ။ ကျောင်းက Immigration လိုအပ်ချက်အရဆိုပြီး တောင်းပါတယ်။ IELTS အမှတ် 8.0 မလို့ ကျောင်းက Scholar 7000 ပေးခဲ့ပါသေးတယ်။

❓**Master Program အတွက် ကုနိကျစရိတ်ဘယ်လောက်ရှိမလဲ?**

ဒါကလည်း ကိုယ်တက်မယ့်ကျောင်းနဲ့ ကိုယ်ယူ့တဲ့ Program ပေါ်မူတည်ပါတယ်။ 1st semester ဖိုးသွင်းပြီးတာနဲ့ Acceptance Letter ရပါတယ်။ ကျောင်းအပေါ်မူတည်ပြီး 1st semester ဖိုးက CAD 9000 - 12000 ကြားထဲလောက်ကျနိုင်ပါတယ်။
(ခုလက်ရှိ ပေါက်ဈေး ၃၇၈၀ ပါ။ 5.8.24 rate အရပါ)
Master Program တစ်ခုလုံးအတွက်ဆို CAD 50000 - 100000 ကြားထဲရှိနိုင်ပါတယ်။ (ကျောင်း နဲ့ တက်မယ့်ဘွဲ့ပေါ်မူတည်ပြီး ကွာတာမလို့ ခန့်မှန်းရေးပေးထားတာပါရှင်။ )

❓ကျောင်းလျောက်တာ အချိန်ဘယ်လောက်ကြာလဲ?

အချိန်ကကြာချိန်အားဖြင့် Document တွေအကုန်စုံလို့ File submit လုပ်ပြီးတာနဲ့ 5-7 business days လောက်ဆိုကျောင်းကစဆက်သွယ်ပါပြီ။ ကျွန်မတို့တုန်းက၂-၃ ရက်ပဲကြာခဲ့ပါတယ်။

😍 ကျောင်းကAcceptance Letterရပြီဆိုတာနဲ့ Visa စလျောက်လို့ရပါပြီရှင်။ သိချင်တာလေးတွေရှိရင် Comment မှာရေးထားခဲ့ပါနော်။ သိသလောက်လေးပြန်လည်မျှဝေပါ့မယ်ရှင် ။ See ya in next post!!! ✌️

🥹 ဒီနေ့ကတော့ မစားရက်မသောက်ရက် Ticket ပေးခံလိုက်ရပါတယ်ရှင် 😭 ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ မြို့ထဲဘာညာသွားတာ ၊ လိုအပ်တဲ့...
08/04/2024

🥹 ဒီနေ့ကတော့ မစားရက်မသောက်ရက် Ticket ပေးခံလိုက်ရပါတယ်ရှင် 😭

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ မြို့ထဲဘာညာသွားတာ ၊ လိုအပ်တဲ့ ပစ္စည်းဝယ်ဖို့သွားတဲ့နေရာတွေမှာ နာရီကန့်သတ်ချက်နဲ့ Parking free ပေးပါတယ် ။

Max 1 hr တို့ Max 30 min free တို့ရေးပေးထားတက်ပါတယ်။ အများဆုံးကိုတော့ 2 hr ထိ free ပေးတာပဲတွေ့ဖူးပါသေးတယ်ရှင်။ ဒီနေ့ကတော့ ကလေးတွေနဲ့ ဈေးဝယ်ရင်း Free 1hr ထက် နာရီဝက်လွန်သွားတာ Ticket ပေးခံလိုက်ရပါပြီ။

ဒဏ်ကြေးကတော့ CAD 50 ပါ။ မစားရက်မသောက်ရက်နဲ့ ဒဏ်ကြေးလေးဆောင်ပြီး နောက် Post မှာ ပြန်လည်တွေ့ဆုံဖို့အတွက်ကျွန်မPage လေးကို Like & Follow လေးလုပ်ထားပါဦးနော်။

‼️ကျွန်မတို့ Canada ကိုပြောင်းလာရခြင်းရဲ့ရည်ရွယ်ချက် 🇨🇦🇲🇲 ကျွန်မတို့မှာ သမီးလေးတွေပါတော့ နိုင်ငံတစ်နိုင်ငံပြောင်းဖို့ကို...
08/01/2024

‼️ကျွန်မတို့ Canada ကိုပြောင်းလာရခြင်းရဲ့ရည်ရွယ်ချက် 🇨🇦🇲🇲

ကျွန်မတို့မှာ သမီးလေးတွေပါတော့ နိုင်ငံတစ်နိုင်ငံပြောင်းဖို့ကို ချီတုံချတုံနဲ့ အဖက်ဖက်က ထောင့်စေ့အောင်သေချာ လေ့လာပြင်ဆင်ရပါတယ်။

ကနေဒါကိုရွေးချယ်ရတဲ့အကြောင်းကတော့ သမီးတွေအတွက်ပဲလို့ပဲပြောရမှာပေါ့နော်။ သူတို့လေးတွေရဲ့ ပညာရေး လုံခြုံမူ့ ဘာသာစကား ယဉ်ကျေးမူ့ ရာသီဥတု နေထိုင်ခွင့် အနာဂတ် အတွက် ကနေဒါကို ဆုံးဖြတ်ချက်ချပြီး ရွေးချယ်ခဲ့တာပါ။

ကနေဒါက နိုင်ငံတအားကျယ်ပြီး လူဦးရေနည်းပါတယ်။ အစိုးရကိုယ်တိုင်ကလည်း ဝင်လာမယ့်သူတွေကို နည်းမျိုးစုံနဲ့ဖိတ်ခေါ်ပါတယ်။ တောင်းဆိုချက်လေးတွေတော့ ရှိတာပေါ့ ။ ( ဥပမာ- IELTS တို့ ငွေကြေးခိုင်မာမူ့ပြခိုင်းတာတို့ပေါ့ )

နေထိုင်စာရိတ် ဈေးကြီးလားဆိုရင်တော့ သူ့အိုးနဲ့သူ့ဆန်ပေါ့နော် ။ ကျွန်မတို့ နေထိုင်တဲ့ Vancouver မှာဆိုရင်တော့ တခြားမြို့တွေထက် နေထိုင်စားရိတ်ဈေးကြီးပါတယ်။ မြို့ထဲမဟုတ်တဲ့နေရမှာ 2 bed 1 bath ကို CAD 2300 လောက်ပေးရပါတယ်။ စားစရိတ်က မိသားစုလေးယောက် အိမ်မှာချက်စားတာကို CAD 600 ~ 700 ကြားထဲရှိပါတယ်။ ကျွန်မသမီးတွေက အစားတစ်လိုင်းတွေပါရှင် 🥹) အပိုအနေနဲ့ Insurance ကြေးနဲ့ ရေဖိုးမီးဖိုး တွေရှိပါတယ်။

စိတ်ချမ်းသာရတဲ့အချက်က ကလေးတွေပညာရေး Free ပါရှင်။ ကိုယ်နေထိုင်တဲ့ရပ်ကွက်ကကျောင်းမှာ ကျောင်းအပ်ပြီး တက်လို့ရပါတယ်။ ကျောင်းကောင်းကောင်းထားချင်ရင် ရပ်ကွက်ကောင်းကောင်းမှာနေရုံပါပဲ။ ရန်ကုန်မှာလို တစ်လသိန်းချီမကုန်တော့ပါဘူး။

သွားရေးလာရေးအတွက် ဒီမှာ Public Transporation က Sky Train ၊ Bus နဲ့ Ferry Ship တွေ ရှိပါတယ်။ ဆိုတော့ကာ နေထိုင်ဖို့အဆင်ပြေတယ်ပေါ့နော် 🇨🇦

စာလည်းနည်းနည်းရှည်နေပြီမလို့ ခဏနားပြီး နောက် Post လေးမှာ ပြန်ဆုံဖို့အတွက် ကျွန်မ Page လေးကို Like & Follow လုပ်သွားပါဦးနော် 😍

Address

Vancouver, BC

Website

Alerts

Be the first to know and let us send you an email when Asia to Canada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share